သတင်းတို

မင်းပြားနှင့် မြောက်ဦး ပဋိပက္ခ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် မင်းပြား နှင့် မြောက်ဦး မြို့နယ်အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် ၂ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရရှိ ကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။ ယင်းအကြမ်းဖက် မီးရှို့မှုများကြောင့် မင်းပြား မြို့နယ်ရှိ ကျေးရွာ ၆ ရွာ ၊ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၂ ရွာ အိမ်ခြေ ၅၀၈ အိမ် စုစုပေါင်း အိမ် ၁၀၃၉ အိမ် မီးလောင် ဆုံးရှုံးခဲ့သည်ဟုလည်း ပါရှိသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ မင်းပြား နှင့် မြောက်ဦးမြို့နယ်များအတွင်း ရခိုင်တိုင်းရင်းသားများ နှင့် မွတ် စလင် များ အပြန်အလှန် အကြမ်းဖက် မီးရှို့များ ဖြစ်ပွားခဲ့သည်။ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းလည်း သိရ သည်။

Loading