သတင်းတို
အမေရိကန် ဒု ဘဏ္ဍာရေး ဝန်ကြီး မြန်မာကို လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် ဒု ဘဏ္ဍာရေး ဝန်ကြီး မစ္စတာ Neal S. Wolin သည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သတင်းရသည်။ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း စင်္ကာပူနှင့် မြန်မာ နိုင်ငံခရီးစဉ်တွင် မြန်မာအစိုးရ တာဝန်ရှိသူများ၊ လူထု အခြေပြု အဖွဲ့ အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးနည်းများ၊ ငွေကြေး ခဝါချမှု ဆိုင်ရာများ၊ ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှုများ စသည်တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်ဟု သတင်းများက ဆိုသည်။