သတင်းတို

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ဆိုင်းဘုတ်များဖြင့် စီတန်းလှည့် လည်၍ ဆန္ဒပြကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်သော ယင်းဆန္ဒပြပွဲ၌ ရခိုင်ပြည်နယ် တက္ကသိုလ် ကောလိပ် အသီးသီးနှင့်ပတ်သက်ပြီး တောင်းဆိုချက်များ၊ ကျောင်းသား ကျောင်းသူများအတွက် လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများ၊ ကျောင်း ဖယ်ရီ နှုန်းထား ဈေးနှုန်း သက်သာရေး တောင်းဆိုမှုများ ပါဝင်သော တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုကြသည် ဟု နိရဉ္ဇရာ သတင်းဌာနက ဖော်ပြထားသည်။ ဆန္ဒပြ ချိန်အတွင်း လုံခြုံရေးများ ချထားသော်လည်း တစုံတရာ အနှောင့်အယှက် မရှိ ကြောင်း သိရသည်။

Loading