ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့ အကြား ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေကာ ဒေသတွင်း အခြေအနေ တင်းမာနေဆဲ ဟု သိရသည်။
ကျောက်ဖြူမြို့၊ မြောက်ဦးမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ ကျေးရွာများတွင် နှစ်ဘက် အပြန်အလှန်တိုက်ခိုက်ခြင်း၊ အပြန်အလှန် မီးရှှို့ခြင်းများ ယနေ့နံက် တွင် ဆက်လက် ဖြစ်ပွားနေပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုများရှိကြောင်း၊ ထိုသို့ နှစ်ဘက်အကြား တင်းမာသည့် အခြေအနေရှိနေသော် လည်း လုံခြုံရေး အင်အားနည်းနေကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်သည် ယမန်နေ့ ညတွင် မီးလောင်ခံရပြီး ယနေ့နံနက် ပိုင်းအထိ မီးမငြိမ်းသေးဟု မြို့ခံများက ပြောသည်။ ထို့အတူ မြေပုံမြို့ပေါ် ရပ်ကွက်တခုသည် ယမန်နေ့ ညနေတွင် မီးလောင်ကျွမ်းခဲ့ပြီး ယနေ့တွင် နှစ်ဘက်အကြား တင်းမာနေကြောင်း ဒေသခံများ က ပြောသည်။
မင်းပြားမြို့တွင်မူ ယနေ့ တည်ငြိမ်နေသည့်တိုင် နှစ်ဘက်အကြား တင်းမာနေဆဲ ဖြစ်၍ စိုးရိမ်ရ ကြောင်း မြို့ခံ တချို့က ဆိုသည်။ မင်းပြားနှင့် မြောက်ဦးတို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန် ထား သည်။
မြောက်ဦးမြို့နှင့်မင်းပြားမြို့နယ်တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အ မျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေစုစုပေါင်း ၁၀၃၉ အိမ် မီးလောင်ဆုံးရှှုံးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ရေးသားထားသည်။
ရခိုင်ဒေသခံများ၏ ပြောဆိုမှုအရမူ ယခု ပဋိပက္ခအတွင်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် နှစ်ဘက်စလုံးတွင် သေ ဆုံးသူ ဦးရေ ဆယ် ချီရှိနေပြီး ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း သိရသော်လည်း ဧရာဝတီ က အတည်ပြုနိုင်ခြင်း မရှိ သေးပေ။ ပြည်နယ်အစိုးရ ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့် က ပြောရာ ယနေ့သတင်းစာ အရ ၂ ဦးသာ သေဆုံးသည်ဟု ဆို သည်။
မြောက်ဦးနှင့်မင်းပြားတို့၌ အောက်တိုဘာလ ၂၂ ရက်နေ့ ပဋိပက္ခ အတွင်း သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသားများမှာ ကိုအောင်မိုး၊ ကိုဌေးဝင်း၊ ကိုသိန်းထွန်းလှ၊ ကိုအတိုး၊ ကိုမောင်ဘုချေ တို့ဖြစ်ပြီး ၂၃ ရက်နေ့တွင် ဖြစ်ပွားသည့် ပဋိပက္ခအတွင်း စစ်တပ် ပတ်ခတ်မှု ကြောင့် သေဆုံးသူများ မှာ ကိုမောင်ခိုင်ဦး၊ ကိုခင်မောင်ထွီး တို့ဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာန ကရေး သားထားသည်။
ဦးစိန်သာအောင်၊ ကိုဦးထွန်းစိန်၊ ဦးမောင်မောင်လှှိုင်၊ ကိုမောင်သိန်းမြင့်၊ ဦးမြင့်နိုင်၊ ဦးအောင်ကျော်သာ၊ ဦးထွန်းဝေ၊ ကိုညီဌေး၊ ကိုမောင်စောနု၊ ကိုမောင်သန်းရွှေ တို့အား စစ်တွေဆေးရုံကြီးနှင့်မြောက်ဦး ဆေးရုံတို့ တွင် ဆေးကုသမှု ခံယူနေရကြောင်း လည်းရေး သားထားသည်။ မြေပုံမြို့ ယနေ့ ပဋိပက္ခတွင် ရခိုင် ၂ ဦးနှင့် မွတ်စလင် ၅ ဦး သေဆုံးကြောင်း လည်း နိရဉ္စရာ၌ဖော်ပြထားသည်။
ရခိုင်ဒေသတွင်း ယနေ့ ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရသူ အများအပြား ရှိကြောင်း ဒေသ ခံများက ပြောဆိုနေသည့်အတွက် စာရင်းအတိအကျ သိရရန် ဧရာဝတီက ပြည်နယ် အာဏာပိုင်တို့ထံ ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပေ။
ထိုသို့ နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှှို့မှုများကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ မွတ်စလင်ကျေးရွာများနှင့် နီးသည့် ရခိုင်နှင့်ရခိုင်မျိုးနွယ်စု တခြား တိုင်းရင်းသား ကျေးရွာများမှ ထောင်ချီသော ဒေသခံများသည် မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့လာနေကြပြီး ဘုန်းတော်ကြီးများတွင် ခိုလှှုံနေကြကြောင်း မြို့ခံများ က ပြော သည်။
ထို့အတူ မြောက်ဦးမြို့နယ်ထဲမှ မွတ်စလင်များသည်လည်း မွတ်စလင် အများစုရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့ကာ စုပေါင်းနေထိုင်လျှက် ရှိကြောင်း သိရသည်။ နှစ်ဘက်စလုံး မှ မီးဘေးဒုက္ခ ရောက်သူ များအတွက် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် စားဝတ်နေရေး စီစဉ်ပေးမှု မရှိသေးကြောင်း လည်း ဒေသခံများ က ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအကြား စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိကြောင်း မြောက်ဦးမြို့နာရေး ကူညီမှု အသင်းက ပြောကြားသော်လည်း ပြည်နယ် အစိုးရ ပြန်ကြားရေးအဖွဲ့ ဝင် ဦးမျိုး သန့် က မူ စစ်တပ်မှ ပစ်ခတ်မှု မရှိကြောင်း၊ အခြေအနေများ ထိန်းသိမ်းနိုင်ရန်အတွက် ခြောက်လှန့် ပစ်ခတ်သည့် သဘောသာ ရှိကြောင်း ဧရာဝတီ ကိုပြော သည်။
မင်းပြားမြို့မှ စတင်ခဲ့သော ပဋိပက္ခသည် မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ မြို့များသို့ ပြန့်နှံနေပြီး ယနေ့ နံက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် အရပ်တွင်လည်း မီးရှှို့ရန် ကြံစည်ခဲ့သော်လည်း စစ်တပ်က ထိန်းသိမ်း နိုင်လိုက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ကြီးထွားလာသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ကြောင့် စစ်တပ်နှင့် လုံထိန်း တပ်ဖွဲ့ဝင်များ အင်အားတိုးချပေးနေကာ အခြေအနေပေါ် မူတည်၍ ဥပဒေအရ လုပ်ဆောင်သွားရန် စစ်တပ်ကို တာဝန်ပေးထားကြောင်း ပြည်နယ် အစိုး ရ အဖွဲ့က ဆိုထားသည်။
မောင်တော၊ ဘူးသီးတောင် ဒေသတို့တွင် လုံခြုံရေး တင်းကြပ်ထားသောကြောင့် အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ် ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံး၀ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါး နေ ဆဲဖြစ်ကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထားပေးရန် တောင်းဆို မှုများကိုလည်း ဒေသခံများ က တောင်းဆိုမှုများ ရှိနေသည်။
ဇွန်လတွင် စတင်ခဲ့သော ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထား သည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့်ရန်ကုန်မြို့တို့တွင့် ဖွင့်လှစ်ရန် အစိုးရနှင့်သဘော တူထား ခြင်းကို မြန်မာတနိုင်ငံ လုံးနီးပါး ၌ ကန့်ကွက်နေကြသည်။
OIC ရုံးဖွင့်လှစ်ရေး ကိစ္စကို ရခိုင်ပြည်တွင်သာမက ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့်မြန်မာနိုင် အနှံ့ကန့်ကွက် ဆန္ဒပြမှု များ ထွက်ပေါ်ပြီး မကြာခင်ရက်ပိုင်း၌ပင် ရခိုင်ပြည်တွင်း ဆူပူမှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ပြောဆိုထားပြီး ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည် ဟု လည်း ပြော ဆိုသည်။