• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ် အခွန်တိုးသဖြင့် မြန်မာ့ကျောက်စိမ်း ဝယ်လိုအား ထိုးကျ

by သာလွန်ဇောင်းထက်
25 October 2012
in သတင်း
A A
တရုတ် အခွန်တိုးသဖြင့် မြန်မာ့ကျောက်စိမ်း ဝယ်လိုအား ထိုးကျ

၂၀၁၀ ခုနှစ် နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက် အရောင်းပြပွဲ (ဓာတ်ပုံ - ဧရာဝတီ)

3.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ ကျောက်စိမ်းဝယ်ယူသော တရုတ်ကုန်သည်များ အပေါ် တရုတ်အစိုးရက အခွန် တိုးမြှင့် ကောက်ခံမှုကြောင့်
မြန်မာ့ ကျောက်စိမ်း ဝယ်လိုအား အထူးကျဆင်းလျှက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ ကူးသန်း) ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံမှ ကုန်သည်များက မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲများသို့ လာရောက်ပြီး ကျောက်စိမ်း ဝယ်ယူလေ့ရှိပြီး ၂၀၀၀ ပြည့်နှစ်ခန့်မှ စတင်ကာ နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ရောင်းချခဲ့ရကြောင်း၊ စံချိန်တင် အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ရောင်းချနိုင်ခဲ့ကြောင်း၊ သို့ရာတွင် တရုတ်အစိုးရက မြန်မာနိုင်ငံမှ ကျောက်စိမ်း ဝယ်ယူလာသော တရုတ်ကုန်သည်များကို အခွန် ၃၃ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလိုက်မှုကြောင့် မြန်မာ့ ကျောက်စိမ်း ဝယ်လိုအား အထူး ကျဆင်းသွားကြောင်း ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
680
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.5k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
778

“ပုံမှန်ဆိုရင် ဘီလီယံချီ ရောင်းရပေမယ့် အခွန်တိုးလိုက်ပြီးတဲ့ နောက်မှာ ကျောက်စိမ်း ဝယ်အား ကျသွားတယ်။ အခွန် ကလည်း ၃၃ ရာခိုင်နှုန်းကျော်၊ ၃၄ ရာခိုင်နှုန်း လောက်အထိ ကောက်တာ။ ဒီနှစ်ဆိုရင် ကျောက်စိမ်း ရောင်းချရမှုက
အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးပဲ ရှိတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

လတ်တလော တရုတ်နိုင်ငံ၏ အခွန်တိုးမြှင့် ကောက်ခံမှုအပေါ် အခွန်ပြန်လည် လျှော့ချပေးရန် ညှိနှိုင်းလျှက်ရှိကြောင်း သိရှိရသည်။

“အခု မြန်မာပြည်အခြေစိုက် တရုတ် သံအမတ်ကြီးနဲ့ တွေ့ပြီးတော့ အခွန်တွေ ပြန်လျှော့ပေးဖို့ ညှိနှိုင်းထားတာ ရှိပါတယ်” ဟု စီးပွား/ ကူးသန်း ဝန်ကြီးက ပြောသည်။

နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ နာယက ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းကမူ တရုတ်နိုင်ငံ၏ အခွန်တိုးမြှင့်မှုသည် မြစ်ဆုံစီမံကိန်း အပါအဝင် တရုတ် စီမံကိန်းများ အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုများအား ပြန်လည် လက်တုံ့ပြန်သည့် သဘော ပါဝင်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

“တရုတ်က မြန်မာ့ကျောက်စိမ်း ဝယ်ရင် အခွန်တိုးကောက်တာက မြန်မာ – တရုတ် အပြန်အလှန် အတုံ့အလှည့် သဘောမျိုး ဖြစ်နိုင်တယ်။ အခွန်တိုးကောက်တာက သူတို့ဆီက ငွေကြေးတွေ အပြင်မထွက်စေချင်လို့၊ မဝယ်စေချင်လို့လည်း ပြောလို့ ရတယ်” ဟု ဦးမော်သန်းက ရှင်းပြသည်။

ပြည်တွင်းရှိ နာမည်ကျော် ရတနာကုန်သည် တဦးဖြစ်သူ ဦးလှဝင်း (စာရေးဆရာ လေသူရဲတဦး) ကလည်း တရုတ်၏ အခွန် တိုးကောက်မှုသည် မြန်မာ့ကျောက်စိမ်းကို ဈေးပေါပေါဖြင့် လိုချင်သည့် အဓိပ္ပာယ်သက်ရောက် နေကြောင်း၊ သက်ဆိုင်ရာ
အစိုးရ တာဝန်ရှိသူများအနေဖြင့် ကျောက်စိမ်း၏ ရှားပါးမှုကို ထိန်းသိမ်းပြီး ဈေးကွက် ပြန်လည် ဖော်ဆောင်ရမည်ဟု အကြံပြု ပြောဆိုသည်။

“ကျောက်စိမ်းဆိုတာ တကမ္ဘာလုံးမှာ တရုတ်လူမျိုး တမျိုးပဲ သုံးတာ။ ကျောက်စိမ်းရဲ့ အဓိက ဈေးကွက်က တရုတ်ပြည် အဓိကပဲ။ ၉၉ ရာခိုင်နှုန်းက တရုတ်ပြည်က။ တရုတ်တွေက ရိုးရာအရကို အလွန် တန်ဖိုးထားတယ်။ အဲဒီတော့ ဈေးကွက်က သူတို့မှာပဲရှိတယ်။ တရုတ်တွေ ကိုယ်တိုင် ပြည်တွင်းမှာ မြန်မာ နာမည်တွေ ခံထားပြီးတော့ စက်ကြီးတွေနဲ့ ကျောက်စိမ်း တူးတာ တောင်ကတုံးတွေတောင် ဖြစ်ကုန်ပြီ။ တရုတ်က ကျောက်စိမ်း အမြောက်အမြား သွင်းတယ်၊ ဝယ်တော့ ဘီလီယံနဲ့ ချီပြီး ရတယ်” ဟု ဦးလှဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် ကျောက်စိမ်းဈေးကွက် ပျက်နေပြီး အစိုးရ၏ မူဝါဒ အလွန်အရေးကြီးကြောင်း သူက ဆက်ပြောသည်။

“အခွန်ကို တိုးကောက် လိုက်တာက များများမဝယ်အောင် တမင်လုပ်လိုက်တာ။ ဝယ်သူမရှိတော့ ဈေးတွေက အကုန် ထိုးကျကုန်တယ်။ အဲဒီတော့မှ အောက်ဈေးနဲ့ ပြန်ဝယ်တယ်။ ရတနာ တန်ဖိုးရှိဖို့ဆိုတာ အချက်လေးချက် ရှိတယ်။

လှရမယ်၊ ကြာရှည်ခံရမယ်၊ ရှားရမယ်။ ရှားလေ ဈေးကြီးလေပဲ။ ဈေးကိုထိန်းဖို့လိုတယ်။

ဆယ်ခု ရောင်းလို့ရမယ့် ဈေးနဲ့ နှစ်ခုကို ရောင်းလို့ရမယ့် ဈေးအတူတူပဲဆိုရင် နှစ်ခုပဲရောင်းမှာပေါ့။ ဒီက အစိုးရ အာဏာပိုင်တွေက ဒီလို အိုင်ဒီယာတွေဘာမှ မရှိဘူး။ နားမလည်တာတွေနဲ့ လုပ်တယ်၊ ကိုယ့်ဆီမှာလည်း ပေါပေါများများရှိတော့ ဈေးကွက်ကလည်း ပျက်တယ်။ မြန်မာပြည်မှာ မရောင်းလို့ ပုံတော့မှ အောက်ဈေးနဲ့ ဝယ်ရင် သူတို့လူမျိုးဘက်က သက်သာတာပေါ့” ဟု ၎င်းက ဆိုသည်။

ဈေးကွက် ပျက်ချိန်တွင် အစိုးရအနေဖြင့် ကျောက်စိမ်း ကုမ္ပဏီများကို ငွေကြေး ထုတ်ချေးခြင်း၊ သင့်တင့်သော ဈေးနှုန်းဖြင့်
ကျောက်စိမ်း ဝယ်ယူခြင်းများ ပြုလုပ်သင့်ကြောင်း၊ ထို့အပြင် ကျောက်စိမ်း အရိုင်းတုံး ရောင်းချခြင်းထက် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် ကြိုးစားသင့်ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့ အခွန်တက်လို့ ကျနော်တို့က မရောင်းဘူး၊ ပိတ်ထားမယ်ဆိုရင် ထွက်သမျှကို အစိုးရက သင့်တင့်တဲ့ဈေးနဲ့ဝယ်မယ်၊ ကုမ္ပဏီကြီးတွေကို ပိုက်ဆံ ထုတ်ချေးမယ် အဲဒီ သဘောမျိုးနဲ့ ဈေးကွက် ထိန်းမယ်ဆိုရင် ရှားပါးပြီး တန်ဖိုး ပြန်တက်လာမယ်။ တို့ဆီမှာ ပေါချင်ပေါ၊ သူတို့မှာ ရှားပစေ။ ကျောက်စိမ်းရောင်းလို့ ဒေါ်လာ ဘီလီယံချီ ရတယ်ဆိုတာလည်း ဈေးကောင်းရတာ မဟုတ်ဘူး။ အမြောက်အမြား သူတို့ကို ထုတ်ရောင်းလိုက်လို့ တရုတ်က အရိုင်းတုံးတွေကို ဝယ်သွားတာ။ ပုတီးတို့၊ ကျောက်စိမ်း လက်ကောက်တို့တောင် သူတို့လုပ်သလို ကျနော်တို့ မလုပ်နိုင်ဘူး” ဟု ဦးလှဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်း တူးဖော်ခွင့်ကို အထူး တင်းကျပ်စွာ ထိန်းချုပ်ထားပြီး စစ်တပ် ကျောထောက် နောက်ခံ
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သော ကုမ္ပဏီကြီးများကသာ လုပ်ပိုင်ခွင့် ရရှိကြသည်။

Your Thoughts …
Tags: China
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
656

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

ကိုးကန့်စစ်ပွဲ နောက်ကွယ်မှ ပဟေဠိ မေးခွန်းများ

ကိုးကန့်စစ်ပွဲ နောက်ကွယ်မှ ပဟေဠိ မေးခွန်းများ

by ဧရာဝတီ
8 March 2015
11.6k

ကိုးကန့်စစ်ပွဲ ဖြစ်ပွားရခြင်း၏ နောက်ကွယ်မှ အဓိက အကျဆုံးနှင့် နောက်ဆုံး မေးရမည့် မေးခွန်းမှာ လက်ရှိ ပဋိပက္ခတွင် တရုတ်နိုင်ငံက မည်မျှပါဝင် ပတ်သက်နေ သနည်းဆိုသော မေးခွန်းဖြစ်သည်။

Next Post

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်

ပြည်တွင်း ပြည်ပ ကြွေးမြီစာရင်း လွှတ်တော်တွင် ဖြေကြား

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate