သတင်းတို
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်
This article has been converted from Zawgyi One to Unicode
အငြိမ်းစား ဗိုလ်မှူးချုပ်၊ စာရေးဆရာ သခင်အောင်ကြီး (ပေါင်းတည်) သည် ယနေ့နံနက်တွင် ရန်ကုန်မြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ဦးအောင်ကြီးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့မှစ၍ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်အထိ တပ်မတော်၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဆိုရှယ်လစ်ခေတ်တွင် တပ်မတော်မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ကာ ၃ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာ၌လည်း ဦးအောင်ကြီး ပါဝင်ခဲ့သည်။