သတင်းတို
ပြည်တွင်း ပြည်ပ ကြွေးမြီစာရင်း လွှတ်တော်တွင် ဖြေကြား
This article has been converted from Zawgyi One to Unicode
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိပြီး ပြည်တွင်းကြွေးမြီ စုစုပေါင်း ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိကြောင်း ဘဏ္ဍာအခွန် ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ယမန်နေ့ ပြည်သူ့လွှတ်တော်၌ မေးမြန်းမှုတခုတွင် ဖြေကြားသွားသည်။ ထို့အပြင် တနိုင်ငံလုံးတွင် လှည့်ပတ်သုံးစွဲနေသော ငွေပမာဏမှာ ၂၀၁၂-၂၀၁၃ တွင် ကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဒသမ ၉၅ ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးကိုလည်း စိစစ်ပြီး တင်ပြမည်ဖြစ်ကြောင်း သိရသည်။