ယခင်စစ်အစိုးရလက်ထက်က ဖွဲ့စည်းထားသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ဦးဆောင်သည့် “ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့” မရှိတော့ကြောင်း၊ ယခု သမ္မတ ဦးသိန်းစိန်လက်ထက် “ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့” မှာလည်း ဝန်ကြီးဌာနများက တိုက်ရိုက် သတင်းထုတ်ပြန်ပေးမှုကြောင့် ဆက်လက် လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း ယမန်နေ့က အမျိုးသားလွှတ်တော်တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ဖြေကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။