သတင်းတို

ဒုက္ခသည် ပြန်ပို့ရေး စတင်ပြင်ဆင်ရန် UNHCR တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည် ၁ သိန်းကျော် ဌာနေပြန်နိုင်ရေးအတွက် စတင် ပြင်ဆင်မှုများ ပြု လုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က တိုက်တွန်းလိုက်သည်။ ယင်းသို့ ဒုက္ခသည်များ ပြန်ပို့နိုင်ရေးနှင့် ပတ်သက်ပြီး စတင်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ပြန်ပို့နိုင်ရေး အစီအစဉ် ကို လာမည့်နှစ်တွင် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း UNHCR ကိုယ် စားလှယ် James Lynch က ယမန်နေ့က ပြောဆိုသည် ဟုလည်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ ထိုင်း-မြန်မာ နယ် စပ် တလျှောက် ဒုက္ခသည် စခန်း ၉ ခုတွင် လက်ရှိ မှတ် ပုံတင်ထားသူ ၈၄၀၀၀ ရှိပြီး မှတ်ပုံမတင်ရသေးသူ ၆၇၀၀၀ ရှိကြောင်း၊ ၇၈၀၀၀ ခန့်မှာ ၂၀၀၅ ခုနှစ်က စတင်ပြီး တတိယ နိုင်ငံတွင် အခြေချနေထိုင်ရေး အစီအစဉ်ဖြင့် အမေရိကန် အစရှိသည့် တခြားသောနိုင်ငံများသို့ ရောက်ရှိသွားပြီး ဖြစ်ကြောင်းလည်း ပါရှိသည်။

Loading