ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အရေးယူ ဆောင်ရွက်ရန် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ အစိုးရ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။ ဥပဒေမဲ့ လုပ်ရပ်များကို အမြန်ဆုံး ထိန်းသိမ်းရန် တိုက်တွန်းခြင်း ဖြစ်သည်ဟု မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ယမန်နေ့က သတင်း ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ကလည်း ရခိုင် အရေး အတွက် စိုးရိမ် ပူပန်ကြောင်း ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။