အမေရိကန် ဒု ဘဏ္ဍာရေး ဝန်ကြီး မစ္စတာ Neal S. Wolin နှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ တွေ့ဆုံရာ၌ ကျန်ရှိနေသေးသော စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှုများကို အပြီးတိုင် ပယ်ဖျက်ရေး အပါအဝင် မြန်မာနိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဘဏ္ဍာရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။ မစ္စတာ Neal S. Wolin နှင့် ကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူနှင့် မြန်မာနိုင်ငံကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ခရီးစဉ်လာရောက် ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။