သတင်း

ရခိုင် တကျော့ပြန် ပဋိပက္ခ လူ ၁၀၀ ကျော် သေဆုံး

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း သေဆုံးသူဦးရေ စုစုပေါင်း ၁၁၂ ဦးနှင့်ဒဏ်ရာ ရရှိသူ ၆၈ ဦး ရှိ ကြောင်း သိရသည်။

အဆိုပါ စာရင်းသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စသည့် မြို့နယ်များမှ ရရှိထားသော စာရင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန် ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်မွတ်စလင် တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် သေဆုံးသူ ၁၁၂ ဦး တွင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၆၁ ဦး ဖြစ်ပြီး နှစ်ဘက်စလုံးမှ သေဆုံးမှု စာရင်းဟုလည်း ဦးဝင်းမြိုင်က ဆိုသည်။ ဒဏ်ရာ ရသူ ၆၈ ဦး တွင် ကလေး ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်ကြောင်းလည်း သိရသည်။

အထက်ပါ မြို့နယ်များ၏ ယနေ့ အခြေအနေသည် တည်ငြိမ်မှု တချို့ရှိနေသော်လည်း ပေါက်တော မြို့နယ်၊ အလယ် ဖရုံကာ ကျွန်း၌ ယနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ ရမ်းဗြဲမြို့နယ်၌ နေ့လယ်ပိုင်းတွင် လည်းကောင်း အပြန်အလှန် မီးရှှို့မှု တချို့ ရှိကြောင်း သိရသည်။ ထိခိုက်မှု၊ သေဆုံးမှုကို ဧရာဝတီ က အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုတို့သည် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများကြောင့်ဟု အာဏာပိုင်တို့က ဆိုသော်လည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသူ၊ ဒဏ်ရာ ရသူအများအပြား ပါဝင်ကြောင်း၊ သေနတ် ဒဏ်ရာဖြင့်သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ အများအပြား ပါဝင်ကြောင်း ရခိုင်ဒေသခံတို့ က ပြောသည်။

“ကျနော်တို့က စစ်တပ်ကို စွပ်စွဲတာ မဟုတ်ပါဘူး၊ သေတဲ့ သူတွေထဲမှာ ကျည်ဆန်ထိမှန်တာတွေ အများကြီးပါနေတဲ့ အတွက် ပြောတာပါ၊ ရသေ့တောင် က ဦးအောင်ဇံဝေနဲ့ ဦးသိန်းလှမောင် တို့ဆိုရင် ခန္ဓာကိုယ်ထဲက ကျည်ဆန်ဖောက်ထွက်သွားပြီးမှ သေ တဲ့သူတွေပါ”ဟု ရသေ့တောင် ဒေသခံတဦး က ပြောပြသည်။ ဦးအောင်ဇံဝေ ၏ အသုဘ အခမ်းအနားကို ယနေ့ ကျင်းပ မည်ဟုလည်း သိရသည်။

ဦးအောင်ဇံဝေ နှင့် ဦးသိန်းလှမောင် တို့သည် ရသေ့တောင် မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ၌ ဖြစ်ပွားသော ပဋိပက္ခကို ထို ဒေ သ ၌ အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ၅၃၆ မှ ပစ်ခတ် လူစုခွဲရာ၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်တော်မြို့ ပဋိပက္ခတွင်လည်း စစ်တပ် ပတ်ခတ်မှုကြောင့် ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မင်းပြား မြို့မှ စတင်ခဲ့သည့် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်မွတ်စလင်တို့ အကြား ပဋိပက္ခသည် ရခိုင်တပြည်လုံးနီးပါး ကူး စက် ပျံ့နှံ့သွားပြီး နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှှို့မှုများ ဖြစ်ပွားကာ ယခုကဲ့သို့ သေဆုံးမှု၊ ထိခိုက်ဒဏ် ရာရမှု များ ဖြစ်ပေါ်ခဲ့သည်။

နှစ်ဘက်အပြန်အလှန် မီးရှှို့မှုများကြောင့် လူနေအိမ် ၂၀၀၀ ကျော် မီးလောင်ကျွမ်းသွားသည့်အတွက် နှစ်ဘက်စလုံး၌ ဒုက္ခသည် ထောင်ချီ၍ ရှိနေသည်။ ထိုဒုက္ခသည်များအား ကူညီပေးရေး လုပ်ငန်းစဉ်များကို မြို့နယ်အလိုက် စီစဉ်ပေးနေကြောင်း ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

မွတ်စလင်များနှင့်နီးစပ်သည့် ရခိုင်နှင့်တခြား တိုင်းရင်းသား ကျေးရွာများကလည်း မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှှုံနေ ကြသည်။ ထို့အတူ နေအိမ် မီးလောင်သွားသည့် မွတ်စလင်များကလည်း မွတ်စလင် ဦးရေများသည့် ကျေးရွာများကို ပြောင်း ရွှေ့ခြင်းများ ရှိသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုသည်။ လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရသူ အများအပြား ရှိကြောင်းလည်း ဒေသခံတို့က ဆို သည်။

ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား ၊ မြေပုံမြို့ နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း အောက်တိုဘာလ ၂၄ ရက်နေ့ထိ သေဆုံး သူ ၁၂ ဦး၊ ဒဏ်ရာ ရသူ ၅၀ ၊ လူနေအိမ် ၁၉၄၈ ခု၊ ဘာသာရေး အဆောက်အအုံ ၈ ခု မီးလောင် ပျက်စီးပြီး လူ အများအပြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ဒေသတွင် ပြီးခဲ့သည့် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပြီးနောက် တကျော့ပြန် ဖြစ်ပွားလာသော ဆူပူ အကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို နစ်နာစေသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသ ခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ရှိနေကြော်င်း သိရှိရသည့် အတွက် ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သမ္မတရုံး ထုတ်ပြန်ချက်က ဆိုထား သည်။

တောင်ကုတ်မြို့၌ ဇွန်လဆန်းတွင် လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရ က ပြောဆိုခဲ့သေးသည်။

ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း ယနေ့အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အရေးယူ ဆောင်ရွက် ရန် ကမ္ဘာ့ ကုလသမဂ္ဂနှင့် အမေရိကန် အစိုးရတို့က မြန်မာအစိုးရ ကို တိုက်တွန်းထားသည်။

Loading