မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ဖြစ်သော သရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုး သုံးမြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းသည့် စာရင်း ဝင်ရန်အတွက် ယူနက်စကို နိုင်ငံသို့ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။ အဆိုပါ မြို့သုံးမြို့ အမည်စာရင်း တင်သွင်းပြီးပါက ပုဂံမြို့ကိုလည်း ဆက်လက် တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။