Environment

သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး

This article has been converted from Zawgyi One to Unicode

တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာ၀ ပတ် ဝန်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ – Reuters)
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ – Reuters)

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး အသင်း (BANCA) နှင့် နိုင်ငံတကာ သစ်ပင်နှင့် သတ္တဝါ ထိန်းသိမ်းရေး အဖွဲ့ (FFI) အဖွဲ့တို့ က ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

ထားဝယ် ဒေသတွင်းရှိ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဘများ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ အပါအဝင် နိုင်ငံရေးပါတီ ၄ ခုက အဖွဲ့ဝင် ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး စာတမ်း ၇ စောင်ဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း BANCA (ဘန်ကာ)အဖွဲ့က ပြောပြသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ဘန်ကာ နှင့် ဥရောပအခြေစိုက် FFI အဖွဲ့တို့ တနင်္သာရီတိုင်း အတွင်း အဏ္ဍဝါ ထိန်းသိမ်းရေး လုပ်ငန်း များ စတင်လုပ်ဆောင်နိုင်ရန် တိုင်း အစိုးရအဖွဲ့၊ ဒေသခံများ နှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ကြောင်း ဘန်ကာ အဖွဲ့ ဥက္ကဌ ဒေါက် တာ ထင်လှ က ဧရာဝတီ သို့ ပြောသည်။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တက္ကသိုလ် စိတ်ပညာဌာနမှ နည်းပြတဦး ဖြစ်သူ ဆရာ ဦးဇော်သူရ က လည်း“သူတို့လုပ်ငန်းတွေ မစရသေးဘူး။ စမှာကို သူတို့က သဘာဝထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး knowledge(ဗဟုသုတ) စပေးပါတယ်။ နောက် FFI အကြောင်း စတင် မိတ်ဆက်ရှင်းလင်းတာ။ ဒါကတော့ ထားဝယ်မှာ ပထမဆုံး ဆွေးနွေးပွဲပါပဲ။ အောက်တိုဘာ ၂၉ ရက် မြိတ်မြို့မှာ လုပ်မယ်လို့ ပြောပါတယ်”ဟု ပြောပြသည်။

သစ်တောရေးရာဌာနမှ ညွှန်ကြားရေးမှူးက သစ်တောနှင့်ပတ်သက်ပြီး ၎င်းတို့ လုပ်ဆောင်နေသည်များကို တင်ပြခြင်း၊ မွေး၊ ရေ လုပ်ငန်းမှ ငါး သယံဇာတ ထိန်းသိမ်းရေးအကြောင်း၊ FFI က ဒါရိုက်တာ မစ္စတာ ဖရန့်မုန်းဘတ် က ဖွံ့ဖြိုးတိုးတက်မှု နှင့် ထိန်းသိမ်း ရေးအတွက် တွဲလုပ်သွားမည့် အရာများအကြောင်း၊ ဒေါက်တာ ထင်လှက မြန်မာတနိုင်ငံလုံးတွင် ဘန်ကာအဖွဲ့မှ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို ဒေသခံများထံ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘန်ကာ သည် ဇီဝမျိုးကွဲ ထိန်းသိမ်းရေး စစ်တမ်းများကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဒေသတွင်း တရား ဝင် အန်ဂျီအို အဖြစ် ရပ်တည်ခဲ့သည်။ ရေအောက်မျိုးကွဲများ များပြားသည့် ငဝန်မြစ် ထိန်းသိမ်းရေး၊ မုတ္တမ ပင်လယ်ကွေ့ တဝိုက် မွန် ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း တို့တွင် ရေတိမ် ဒေသ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီး ရခိုင်ဒေသတွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်(MERN) နှင့် ပူးတွဲ လုပ်ဆောင်လျက်ရှိသည်။

အရှေ့တောင် အာရှတွင် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်သည့် ဇီဝမျိုးကွဲစုံလင် ကြွယ်ဝသော မြန်မာပြည်တွင် ဘန်ကာ အဖွဲ့သည် FFI နှင့်အတူ ချင်း နှင့် ကချင်ပြည်နယ်တို့ရှိ လူထုအခြေပြု အဖွဲ့များအား သစ်တောနှင့်သဘာဝထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အရည်အသွေးများ မြှင့်တင်ပေးသည့် လုပ်ငန်းများလည်း လုပ်ဆောင် နေသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ခြင်း၊ ရှားပါးမျိုးစိတ်များ ထိန်း သိမ်းခြင်း၊ တံငါရွာများသို့ ကွင်းဆင်းသွားရောက်ကာ ငါးဖမ်းနည်းပညာများ၊ တံငါရွာများရှိ အမျိုးသမီးများအတွက် တဖက် တလမ်း ဝင်ငွေ ရှာနိုင်သော နည်းလမ်းအကူအညီနှင့် အသေးစားချေးငွေ အထောက်အပံ့ပေးခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု FFI က ဆိုကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောသည်။

“FFI ရည်ရွယ်ချက်တွေကတော့ ကောင်းတယ်။ ဒါပေမယ့် ဒီမှာရှိတဲ့ တချို့ဖွံ့ဖြိုးရေးတွေက သူတို့ပြောတဲ့ စံနှုန်းနဲ့ရပါ့မလား။ ဥပမာ သူတို့ပြောတဲ့ ဂျာမနီက ကျောက်မီးသွေးစက်ရုံတွေ တအား ကောင်းတယ် ပြောတယ်။ ကျနော်တို့ဆီမှာ လာလုပ်မယ့် ကျောက် မီး သွေး စက်ရုံက တရုပ်က လုပ်မှာ။ အဲဒါကို ကျနော်တို့ ဘယ်လို လက်ခံပေးမလဲ။ ကျနော်တို့ တိုးတက်မှုကို မကန့်ကွက်ဘူး။ အဲ့ဒီ နောက်မှာ ကပ်ပါလာမယ့် ညစ်ညမ်းစက်ရုံတွေ ကျနော်တို့ မလိုချင်ဘူး”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုသန်းဝင်း က ဆိုသည်။

ငါးဖမ်းလုပ်ငန်းနှင့် ကမ်းပါးပြိုပျက်ခြင်း ကာကွယ်ရန် နည်းပညာများဖြင့် မည်ကဲ့သို့ ထိန်းသိမ်းရမည်တို့ကို ဒေသခံများနှင့် ဖလှယ် ရန် လာမည့် နိုဝင်ဘာ ၄ ရက်တွင် တံငါလုပ်ငန်းလုပ်ကိုင်သော စမ်းလှမ်းရွာ၊ ဆီစစ်ရွာ စတဲ့ တံငါရွာများသို့ သွားရောက်မည် ဖြစ် ကြောင်းလည်း သိရသည်။

ဘန်ကာ သည် ရပ်ဆိုင်းထားရသော ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း(EIA) ကို အဓိက လုပ်ဆောင်ခဲ့သော အဖွဲ့ဖြစ်ပြီး စာမျက်နှာ ၉၀၀ ရှိ အစီရင်ခံစာ တစောင်လည်း အင်တာနက် စာမျက်နှာများတွင် ပျံ့နံှ့ထွက်ပေါ်ခဲ့သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံဆည်စီမံကိန်းကြောင့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူထုအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ပြောဆိုထားသော်လည်း စီမံကိန်းအား ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင်လည်း သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုဆန်းစစ်ခြင်း(EIA) နှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းတို့ကို ယခုနှစ် မကုန်ခင် လုပ်ဆောင်သွားရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အဖွဲ့က တာဝန်ယူ လုပ်ဆောင်နေကြောင်း မသိရပေ။

ဒေါက်တာ ထင်လှကမူ ယခုအချိန်ထိတော့ သက်ဆိုင်ရာ ကုမ္ပဏီဘက်က ကမ်းလှမ်းလာမှု မရှိသေးသည့်အတွက် EIA/SIA ဆန်း စစ် မှုများကို ၎င်းတို့အဖွဲ့မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း ဧရာဝတီ သို့ ပြောသည်။

“ကျနော်တို့က အဏ္ဏဝါ ထိန်းသိမ်းရေးတွေ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းကို ခြေလှမ်းစလာတာပါ။ ထားဝယ် ရေ နက် စီမံကိန်းနဲ့ ဆက်စပ်မှု မရှိပါဘူး”ဟု ဒေါက်တာ ထင်လှ က ဆိုသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဒေသခံများနှင့် အစိုးရ၊ ကုမ္ပဏီတို့အကြား နားလည်မှု လွဲမှားနေ ရသည်ဟု ယူဆကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လိုအပ်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများလည်း ပိုမို လုပ် ဆောင်ရန် လိုကြောင်း သူက ဆိုသည်။

စီမံကိန်းဧရိယာ စတုရန်းမိုင် ၂၅၀ ကျော်ဖြင့် အကောင်အထည်ဖော်ဆောက်လုပ်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို ၂၀၁၅ ခုနှစ်တွင် အပြီးဆောက်လုပ်ရန် အီတာလျံ-ထိုင်း ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ (ITD) က ခန့်မှန်းထားသည်။ ၂၀၁၀ ပြည့်နှစ်က သဘောတူခဲ့သည့် ထိုစီမံကိန်း အစအဖြစ် မြန်မာနှင့် ထိုင်း နိုင်ငံကို အလွယ်တကူ ဆက်သွယ်နိုင်မည့် ထားဝယ်-ကန်ချနဘူရီ ကားလမ်းကို ဖောက်လုပ်နေပြီး ထိုကားလမ်းဖောက်ခြင်းနှင့် စီမံကိန်းကွပ်ကဲရေး ရုံး အတွက် အဆောက် အအုံများ ဆောက်လုပ်ခြင်းတို့တွင် ဒေသခံရွာသားများ၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြော ဆိုသည်။

လမ်းဖောက်လုပ်သည့်အတွက် သီဟို နှင့် ရာဘာ အဓိက စိုက်ပျိုးသော ဒေသခံများ၏ ခြံမြေများ ဖျက်ဆီးခံရသကဲ့သို့ ထိုဥယျာဉ်ခြံ များ၏ ကာလပေါက်ဈေးထက် လျော်ကြေး လျှော့ ပေးသည့် အတွက် အများစုက လက်မခံကြောင်းလည်း ရေဖြူမြို့နယ် မင်းဒပ်ရွာကျောင်း ဆရာတော် ဦးဥတ္တမ က ဧရာဝတီသို့ ပြောသည်။

မင်းဒပ်ရွာအပါအဝင် ရေဖြူမြို့နယ်ရှိ ရွာ ၉ ရွာ၊ ရေနက်ကွင်း ဧရိယာ နဘုလယ် ဒေသရှိ ရွာ ၅ ရွာတို့အား ပြောင်းရွှေ့ နေရာချရန် ရွာ သစ်များ ဆောက်လုပ်လျက် ရှိကြောင်းလည်း သိရသည်။

ယခုနှစ် မကုန်ခင်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာတွင်းရှိ ရွာတချို့ စတင်ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရေဖြူမြို့အပိုင် နဘုလယ် ဒေသရှိ မူးဒူးရွာမှာ ပထမဆုံး ပြောင်းရွှေ့ခံရမည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း အာဏာပိုင် များ ဘက်က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

မူးဒူးရွာမှ ၂ မိုင်ကျော်အကွာရှိ ပြောင်းရွှေ့နေရာချမည့် ရွာသစ်သည် လယ်မြေဖြစ်သည့်အတွက် သောက်သုံးရေရရှိမှုနှင့် ဥယျာဉ် စိုက်ပျိုးမြေ အခက်အခဲ ရှိနိုင်ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုးရေး အသင်း အဖွဲ့ဝင်များက ပြောဆိုကြသည်။

Loading