မြန်မာနိုင်ငံသို့ ယခု နှစ်ဆန်းပိုင်း မှ စက်တင်လကုန် အထိ ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသား ၃ သိန်း ခွဲ ကျော် ဝင်ရောက်မှု ရှိကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ရွှေတိဂုံ ဘုရားသို့ နိုင်ငံခြား ဧည့်သည် ၂၁၂၉၇၃ ဦး လာရောက်ကြောင်း၊ အမေရိကန် ဒေါ်လာ ၉၉၈၈၈၇ ဒေါ်လာ၊ FEC ၆၅၉၇၈ ယူနစ် ရှိကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထိုင်း လူမျိုး အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ တရုတ် လူမျိုး ဖြစ်ကြောင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ ရုရှား နှင့် အင်္ဂလိပ် လူများလည်း လာရောက်ကြောင်း သတင်းစာက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။