ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားသော ပဋိပက္ခ အတွင်း လူစုလူဝေးများ ထံမှ တူမီး သေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆီးရမိကြောင်း သိရသည်။ ယင်းသေနတ်များကို ကျောက်တော် မြို့နယ် လက်ဆောင်ကောက် ကျေး ရွာ၊ ပိုက်သည် ကျေးရွာ နှင့် တောင်ဘွေ ကျေးရွာများမှ သိမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။