ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖျက်ဆီးမှုများကြောင့် လူ ၈၄ ဦး သေ ဆုံး၍ ၁၂၉ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ လူနေအိမ်ပေါင်း ၂၉၅၀ ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း အစိုးရ သတင်းစာများက ယနေ့ ဖော်ပြသည်။ ဇွန်လ ၈ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ဖြစ် စဉ် များ၌ အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်သူ ၁၀၅၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် တည်ငြိမ်အေးချမ်းမှု ရရှိနေပြီ ဖြစ်ကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။