ရခိုင်ပြည်နယ် လုံခြုံရေး အင်အားများ တိုးမြှင့် ချထားလိုက်ကြောင်း သတင်းရသည်။ ရဲတပ်ဖွဲ့ လူအင်အား ၅၀၀၀ ကျော် ၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် လူအင်အား ၁၀၀၀ ကျော် ၊ တပ်မတော် တပ်ရင်း ၅၁ ရင်းကို သမ္မတ ဦးသိန်း စိန် ၏ ညွှန်ကြားချက်ဖြင့် ဖြန့်ချထားလိုက်ပြီ ဖြစ်သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေး ထားသည်။ မူလက လုံခြုံရေးအင်အား လုံလောက်စွာ ချထားခဲ့ပြီး ဖြစ်သော်လည်း ဆူပူအကြမ်းဖက်မှု ဖြစ်ပွားနိုင်ဖွယ်ရာ ရှိသော Flash Point နေရာများကို အဓိက ထား၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရဲကင်းများ ထားရှိမှု၊ လုံခြုံရေး တာဝန်ဖြင့် ကင်းလှည့်မှု စ
သည် တို့ကို အလေးပေးနေရာများအလိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။