သတင်းတို
ကော့ကရိတ်တွင် ဗုံးကွဲ
This article has been converted from Zawgyi One to Unicode
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ဝတ်ကျောင်း အနီးတွင် ယမန်နေ့ ညပိုင်းက ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ ဗလီ အဆောက်အအုံ အတွင်းသို့ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းရာ တလုံးသာ အုတ်နံရံနှင့် ထိမိ၍ ပေါက်ကွဲသွားပြီး ဗုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိဟု သိရကြောင်း ဒေသခံ တဦးက ပြောသည်။ ကော့ကရိတ်မြို့နယ် ရဲ တပ်ဖွဲ့မှူး ရုံးမှ ဒု ရဲအုပ် တဦးကလည်း ယင်း ဗုံးပေါက်ကွဲမူနှင့် ပတ်သက်၍ လတ်တလော စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ပြောသည်။ အမှတ် ၇ ရပ်ကွက် တွင် အစ္စလမ် ဘာသာဝင် အများစု နေထိုင်ကြောင်း သိရသည်။