ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသ၌ ယနေ့ နံနက်ပိုင်းတွင် လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကို ဒေသ ဆိုင်ရာ စစ်တပ်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဦးမောင်ဟန်ရွှေ (၅၅ နှစ်) သေဆုံးသွားပြီး ဦးသန့်တင် (၄၂ နှစ်) ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ကျောက်နီမော် ဒေသတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် ကျောက် နီမော် အရပ်ရှိ မွတ်စလင်များကို ဒေသခံများနှင့် သီးသန့်ခွဲထားရန်နှင့် လုံခြုံရေး စနစ်တကျဆောင်ရွက်ပေးရန် လူစုလူဝေးဖြင့် ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုမှ စတင်၍ ပစ်ခတ်လူစုခွဲရာတွင် လူသေဆုံးမှု၊ ဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ အများအပြား သည် ဆန္ဒ ထုတ်ဖော်နေဆဲ ဖြစ်ပြီး စစ်တပ်နှင့် ရဲတို့က အခြေအနေကို ထိန်းထားနိုင်ဆဲ ဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။