သတင်း

ကျောက်နီမော်ဒေသ နှစ်ဘက်တင်းမာမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသရှိ မွတ်စလင်ကျေးရွာအား ပြောင်းရွှေ့နေရာ ချပေးရန် ဒေသခံ တိုင်းရင်းသားများက လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာ လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် အခြေအနေ တင်းမာနေ ကြောင်း သိရသည်။

ကျောက်နီမော် ဒေသတဝိုက်ရှိ ကျေးရွာများမှ ထောင်ချီသည့် ဒေသခံများသည် မွတ်စလင်ကျေးရွာ ပြောင်းရွှေ့ပေးရေး အတွက် ယနေ့ နံနက်ပိုင်းမှ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ လူစုလူဝေးကို ဒေသ၌ အခြေစိုက် ထားသည့် အစိုးရ စစ်တပ်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ပစ်ခတ်လူစုခွဲရာ ဦးမောင်ဟန်ရွှေ (၅၅ နှစ်) သေဆုံးသွားပြီး ဦးသန့်တင် (၄၂) နှစ် ဒဏ်ရာ ပြင်းထန် စွာ ရရှိသွားကြောင်း ဒေသခံများက ဧရာဝတီ ကိုပြောသည်။

ရခိုင်တပြည်လုံးနီးပါး၌ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ နောက်ပိုင်းတွင် တဘက်နှင့်တဘက် ယုံကြည်မှု ကင်းမဲ့နေပြီး မွတ်စလင်ကျေးရွာကို ဖြတ်၍ ဈေးသွားရန် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူ များ ကျောင်းတက်ရန် ခက်ခဲနေခြင်းများကြောင့် ပြောင်းရွှေ့ရန် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

တဘက်နှင့်တဘက် ယုံကြည်မှု ကင်းမဲ့နေသည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာကာ ပဋိပက္ခကြီးထွားလာမည်ကို ဒေ သ ခံများက စိုးရိမ်ကြောင်း၊ ထို့ကြောင့် ထိခိုက်ပျက်စီးမှု မရှိစေဘဲ ပြောင်းရွှေ့ပေးရန် အာဏာပိုင်တို့ထံ ငြိမ်းချမ်းစွာ တောင်းဆိုမည် ဖြစ်ကြောင်း၊ မပြောင်းသေး သရွေ့ ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒေသခံများ အရောင်းအဝယ် ပြုလုပ်ကြသည့် မွတ်စလင်ရပ်ကွက်ထဲရှိ ဈေးကိုပိတ်ထားရကြောင်း၊ စီးပွားရေး လုပ် ငန်းများ၊ အရောင်းအဝယ် လုပ်ငန်းများ ရပ်တန့်ထားရသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံ တို့က ဆိုသည်။ ကျောက်နီမော်ကျေးရွာသည် အိမ်ခြေထောင်ဂဏန်း ရှိသည့် မြို့နယ်ခွဲဒေသ တခုဖြစ်ပြီး အများစုမှာ မွတ် စလင်များ နေထိုင်ကြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောရာတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့်စစ်တပ် တချို့က လုံခြုံရေး ယူပေး ထားကြောင်း၊ ကျောက်နီမော် ပဋိပက္ခ၏ အသေးစိတ် အချက်အလက်များ ၎င်းတို့ထံ မရောက်သေးကြောင်း ဧရာဝတီကို ပြော သည်။

ထိုပြဿနာသည် လုံခြုံရေး စနစ်တကျ တာဝန်ယူပေးပါက မကြာမီပြေလည်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် ဝန်ကြီး ချုပ်သည် လည်း အခင်းဖြစ်ရာ ဒေသများသို့ သွားရောက်စစ်ဆေးနေကြောင်း၊ ယနေ့တွင် သံတွဲမြို့သို့ ရောက်ရှိ၍ ကျောက်နီမော် ပဋိပ က္ခ ကို သံတွဲမြို့မှ ကြီးကြပ်ပေးနေသည်ဟု သိရကြောင်း ပြောဆိုသည်။

ဒေသခံတို့အဆိုအရ ကျောက်နီမော် ဒေသ၌ လုံခြုံရေး အင်အားတိုးချထားပြီး တောင်ကုတ်မြို့မှ တပ်ရင်းတခုကို ယနေ့နံက် ပိုင်းတွင် ကျောက်နီမော်ဒေသသို့ အင်အားဖြည့်ထားသည်ဟု သိရသည်။ ရခိုင်ဒေသတွင်း ပဋိပက္ခများသည် ကျောက်နီမော် ဒေသ သပြေချောင် ကျေးရွာမှ မသီတာထွေး မေလ ၂၈ ရက်နေ့တွင် အသတ်ခံရမှု ဖြစ်ပွားပြီးနောက် ဆက်တိုက်ဖြစ်ပေါ်ခဲ့ သည်။

ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ဝန်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။

Loading