သတင်းတို

တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံတင် ခွင့်ပြု

This article has been converted from Zawgyi One to Unicode

တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်မည့် ကုမ္ပဏီ ၃၇၅ ခုကို အောက်တိုဘာ ၁ ရက်မှ ၂၃ ရက်အတွင်း ကုမ္ပဏီ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို ကုမ္ပဏီများသည် ဆောက်လုပ်ရေး၊ သွင်းကုန်၊ ဝန်ဆောင်မှု ၊ ခရီးသွား စသည့်လုပ်ငန်းများကို လုပ် ကိုင်ကြမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ထုတ်ပြန်ထားကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြသည်။ အောက်တိုဘာလ အတွင်း တိုင်းရင်းသား ကုမ္ပဏီ ၄၀၀ ခန့် ခွင့်ပြုပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တာဝန်ရှိသူ တဦး က ပြောဆိုသည်ဟုလည်း ပါရှိသည်။

Loading