မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၆ နှစ်ဆက်တိုက် တိုးနေကြောင်း သိရသည်။ ဘိန်း စိုက်ပျိုးမှုသည် ၂၀၁၁ ခုနှစ်က ဟက်တာ ၄၀၀၀၀ နီးပါး(ဧက ၁၀၀၀၀၀ ခန့်) ရှိပြီး ၂၀၁၂ တွင် ဟက်တာ ၅၁၀၀၀ (ဧက ၁၂၆၀၀၀ ခန့်) ရှိကြောင်း၊ ဘိန်း ထုတ် လုပ်မှုသည် ယမန်နှစ်က မက်ထရစ် တန် ၆၁၀ ရှိပြီး ယခုနှစ် အတွင်း မက်ထရစ်တန် ၆၉၀ (ဒေါ်လာ ၃၅၉ သန်း တန်ဖိုးခန့်)ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC)၏ ထုတ်ပြန်ချက်ကို ကိုးကား၍ AP သတင်းတွင် အောက် တိုဘာ ၃၀ ရက်စွဲဖြင့် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။