သတင်းတို
ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်
This article has been converted from Zawgyi One to Unicode
ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။