သတင်းတို
ရခိုင်ပြည်နယ်တွင် ဓား၊ လှံ၊ လက်နက်များ ၃ ရက်အတွင်း အပ်ရမည်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တဝန်းတွင် ယနေ့မှစ၍ နိုဝင်ဘာ ၃ ရက်အတွင်း သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ကလိ၊ လက်နက်အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံ အမြန်ဆုံးအပ်နှံကြရန် အစိုးရက ကြေညာလိုက်သည်။ ရန်ပြုလိုသောစိတ်ဖြင့် အဆိုပါ လက်နက်များ ကိုင်ဆောင်ထားခြင်း တွေ့ရပါက ထိရောက်စွာ အရေးယူမည်ဟု သိရသည်။ တကြော့ပြန် ဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လက်လုပ် တူမီးသေနတ် အလက် ၁၈၀ သိမ်းဆည်းရမိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။