သတင်းတို
ရခိုင်ပဋိပက္ခ ကြိုးကိုင်သည့် အထောက်အထားများတွေ့ရှိဟု ဆို
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးအဖွဲ့အစည်း၊ ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများ တွေ့ရှိရကြောင်း သမ္မတရုံးက ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများတွင် ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက်ပူးပေါင်း လှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား စစ်ဆေးအရေးယူချက်ရှိသည်ဟုလည်း ဖော်ပြထားသည်။