သတင်းတို
၂၀၁၂ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်
This article has been converted from Zawgyi One to Unicode
၂၀၁၂ ဧပြီလမှ စက်တင်ဘာလအတွင်း မြေယာသိမ်းဆည်းမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကွင်းဆင်းလေ့လာပြီး တင်ပြထားသော အစီရင်ခံစာကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာတွင် အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခု၊ ညှဉ်းပမ်းနှိပ်စက်မှု ၂၁ ခုတို့ကို ဖော်ပြထားပြီး ယင်း ချိုးဖောက်မှု များသည် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်သည်ဟု ရေးသားထားသည်။ စောင့်ကြည့်လေ့လာမှုများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သဖြင့် ယင်းအစီရင်ခံစာသည် တနိုင်ငံလုံးကို လွှမ်းခြုံဖော်ပြနိုင်ခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။