သတင်းတို
လှေစီးဒုက္ခသည်များ လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည် ပဋိပက္ခမှ ရှောင်တိမ်း ထွက်ပြေးလာဖွယ်ရှိသည့် ရိုဟင်ဂျာလှေစီးဒုက္ခသည်များ လက်ခံစောင့်ရှောက်ရန် မြန်မာ့အိမ်နီးချင်း နိုင်ငံများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က တိုက်တွန်းလိုက်သည်။ မလေးရှားနိုင်ငံသို့ ဦး တည်သော လှေတစင်း တနင်္ဂနွေ နေ့က နစ်မြုပ်၍ လူ ၁၃၀ ခန့် ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် ရဲက ပြောဆိုအပြီး ယင်းသို့ ကုလသမဂ္ဂ က ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။