သတင်းတို

ဦးဘဂျမ်းလမ်း ကာတွန်းပြိုင်ပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ ၁၃ လမ်း (အောက်လမ်း) ကာတွန်း ဦးဘဂျမ်း လမ်းတွင် လာမည့် တန်ဆောင်တိုင် ပွဲတော်ကာလ ကျင်းပမည်ဖြစ်သော ကာတွန်း ပြပွဲ၌ ပထမဆုံးအကြိမ် ကာတွန်း ပြိုင်ပွဲ ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အသက် ၁၅ နှစ် အထက် မည် သူ မဆို ကာတွန်းပုံ ၃ ပုံ အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်မည့် ကာတွန်းပုံများကို နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီ နောက် ဆုံးထား၍ ကျင်းပရေး အဖွဲ့ထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ ပေးအပ်မည့် ဆုများမှာ ပထမ ဆု ကျပ် ၃ သိန်း၊ ဒုတိယ ကျပ် ၂ သိန်း ခွဲ၊ တတိယ ကျပ် ၂ သိန်း၊ စတုတ္ထ ကျပ်း ၁ သိန်း ခွဲ နှင့် ပဉ္ဇမ ကျပ် ၁ သိန်း ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ ၌ ပါရှိသည်။

Loading