သတင်းတို
ကမ္ဘာ့ ဘဏ်က ဒေါ်လာ သန်း နှစ်ရာကျော် မြန်မာကို ချေးမည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၅ သန်း ချေးငွေနှင့် အကူအညီများ လာမည့် တနှစ်ခွဲအတွင်း ပေးမည် ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိ အကူအညီများကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် ပေး ရန် အတည်ပြု ထားကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိကြောင်း ကမ္ဘာ့ ဘဏ် ဒုတိယအကြီးအကဲ ပန်မီလာ ကောက်စ် ကို ကိုးကား၍ Reuters သတင်းတွင် ရေးထားသည်။