နိုင်ငံခြား သံတမန်တချို့ ရခိုင်ပြည်နယ်သို့ ပဋိပက္ခများလေ့လာရန် သွားရောက်ကြောင်း သတင်းရသည်။ ဗြိတိန်၊ အမေရိကန် နှင့် သြ စတြေးလျ နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ ဖြစ်ပြီး ယမန်နေ့က ကျောက်ဖြူ နှင့် မြေပုံ မြို့များသို့ သွားရောက်ကြောင်း၊ မကြာသေးခင်က ထပ်မံ ဖြစ်ပွားသည့် ပဋိပက္ခများကို လေ့လာ သုံးသပ်ရန်နှင့် မည်ကဲ့သို့သော အကူအညီ များပေးရမည် ဆိုသည်ကို သိရှိရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။