မြန်မာနိုင်ငံတွင်း ကျင့်သုံးမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းကို ယမန်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက် သည်။ ပြီးခဲ့သည့် မတ်လမှစတင်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သမ္မတ ၏ သဘောထား မှတ်ချက်များဖြင့် လွှတ် တော်သို့ ပြန်လည်ပေးပို့လာသော မူကြမ်းကို အတည်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ဥပဒေ မူကြမ်းနှင့် စပ်လျင်း၍ သမ္မတ ၏ ပြင်ဆင် အတည်ပြုရန် အချက်(၁၁)တွင် (၁၀)ချက်မှာ ထောက်ခံမဲ များသောကြောင့် သမ္မတ ၏ ပြင်ဆင်ချက်အတိုင်း တည်ပြု ခြင်း ဖြစ်သည်ဟု အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။