• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ်ဆေးဝါးမှုဖြင့် လူ ၃၆ ဦး SSA တောင်ပိုင်း ဖမ်းထား

by သန်းထိုက်ဦး
2 November 2012
in သတင်း
A A
မူးယစ်ဆေးဝါးမှုဖြင့် လူ ၃၆ ဦး SSA တောင်ပိုင်း ဖမ်းထား

SSA-S အမှတ် ၇၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - ၇၀၁ တပ်ရင်း)

3.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ လူ ၃၆ ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများဖြင့် ရှမ်း ပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင်များ က ဖမ်းဆီးထားသည်။

အဖမ်းခံရသူများသည် မူဆယ်မြို့ မန်ဟီးရှိုးမြို့နယ်ခွဲရှိ ကျေးရွာ ၁၉ ရွာမှ ဒေသခံများ ဖြစ်ပြီး ၎င်းတို့ကို နမ့်ခမ်းမြို့နယ် အတွင်း အခြေစိုက် လှုပ်ရှားနေသည့် SSA တောင်ပိုင်း အမှတ် ၇၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖမ်း ဆီး ခဲ့ကြောင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင် တဦးက ဧရာဝတီ သို့ ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
110
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
136
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
468

SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အနေနှင့် ၎င်းတို့ ထိန်းချုပ်ဒေသအတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူများကိုသာ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဖမ်းရတဲ့ အကြောင်းအရင်းက အရင်တုန်းက ကျနော်တို့ တပ်ဖွဲ့ထဲမှာ မူဝါဒရှိပြီးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း ကို လက်လှမ်းမီသလောက် ရောက်တဲ့နေရာက တိုက်ဖျက်သွားမယ်၊ အသိပညာတွေ ပေးသွားမယ်၊ အဲဒီလို ရှိတဲ့အတိုင်း လုပ်သွား တာပဲ”ဟု SSA တောင်ပိုင်း တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

သက်သေခံ ပစ္စည်းများအဖြစ် ဖမ်းဆီးထားသူများထံမှ ဘိန်းဖြူ ပင်နယ်စလင် ပုလင်း ၁၆ ပုလင်း၊ စိတ်ကြွဆေးပြား ၂၀၂ လုံးနှင့် ဆိုင်ကယ် ၂၄ စီးတို့ကို သိမ်းဆည်းရမိပြီး အဖမ်းခံရသူများကို လတ်တလော မူဆယ်ခရိုင် ဆင်တိုက်ရွာရှိ ဆေးဖြတ် စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

အဖမ်းခံရသူများမှာ ရှမ်း တိုင်းရင်းသားများနှင့် တရုတ် နိုင်ငံသားတချို့ပါဝင်ပြီး SSA တောင်ပိုင်း တပ်ဖွဲ့မှ တာဝန်ရှိသူများ အနေနှင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မသိရသေးကြောင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်က ရှင်းပြသည်။

SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အနေနှင့် မူးယစ်ဆေးဝါး သုံးစွဲသူကို ၄၅ ရက်အထိ အပြစ်ပေးခြင်း ရှိသကဲ့သို့ ရောင်းသူများကို လည်း စစ်ဆေးမေးမြန်း၍ အနည်းဆုံး ၃ လ မှ ၆ လ အထိ အရေးယူ အပြစ်ပေးလေ့ ရှိကြောင်း ၎င်းက ဆိုသည်။

ထိုဒေသရှိ လူငယ်များအကြား မူးယစ်ဆေးသုံးစွဲသူ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီး ရောင်းဝယ်သူ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း SSA တောင် ပိုင်း တပ်ဖွဲ့ဝင် ၏ အဆိုအရ သိရသည်။

“ရှမ်းပြည် အနယ်နယ်အရပ်ရပ်က လာတဲ့ မူးယစ်ဆေးဝါးတွေ လာရောင်းကြတယ်၊ အထူးသဖြင့်တော့ နမ့်ခမ်း တောင်ဘက် မံတုန် ဘက် ဘိန်းခြံတွေက လာတာများတယ်၊ စိတ်ကြွဆေးပြားကတော့ ကျနော်တို့ ကြားရသလောက် ပြည်သူ့စစ်တွေဆီက လာတယ်” ဟုလည်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်က ဆိုသည်။

SSA တောင်ပိုင်း တပ်ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တွင် သဘောတူညီချက် ၁၂ ချက် ရရှိထားသည်။

သဘောတူညီချက်များတွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက် ပေး ရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ် ငန်း များ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံး တွေ့ဆုံခဲ့သည့် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဦး အောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေး တို့က သဘောတူလက်မှတ် ထိုးခဲ့ကြသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယခု ၆ နှစ်ကာလ အတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) ၏ အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

UNODC ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၁ ခုနှစ်က ဟက်တာ ၄၃၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၇ ရာခိုင် နှုန်း ခုန်တက်သွားပြီး ဟက်တာ ၅၁၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။

Your Thoughts …
Tags: SSA
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
17.1k

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

by ရဲမျိုးဟိန်း
22 August 2024
6.3k

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများသည် ပြင်ဦးလွင်၊ မတ္တရာနှင့် စစ်ကိုင်းမှ မန္တလေးသို့ ဘက်စုံချီတက်ရန် ပြင်ဆင်နေပုံရသည်။

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
3.3k

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

RCSS ခေါင်းဆောင် ယွက်ဆစ်နှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ မေလက နေပြည်တော်တွင် တွေ့ဆုံစဉ်  / cincds

စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ရှမ်းစစ်ဘုရင်တို့၏ မုန်တိုင်းထန်သော ဆက်ဆံရေး

by David Scott Mathieson
27 September 2022
8.9k

UWSA သည် ယွက်ဆစ်ကို လွန်ခဲ့သော ၂၆ နှစ်က ခွန်ဆာကြုံတွေ့ရသည့် အနေအထားသို့ ရောက်သွားစေနိုင်ပါသလား။

Next Post
မှူးဇော် သဘောထား သမ္မတရုံးနှင့် မဆိုင်ဘူးလား

မှူးဇော် သဘောထား သမ္မတရုံးနှင့် မဆိုင်ဘူးလား

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate