သတင်းတို
ဦးသိန်းစိန် ထိုင်းကို လာမည်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန် သည် ယခု တပတ် အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့ မှ စတင် သည့် ၂ ရက်ကြာ ခရီးစဉ်တွင် ထိုင်း ဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ်ကိုင်ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ် နှံမည့် တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မျှော်လင့်ရကြောင်း ယနေ့ ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ ယခု အစီအစဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ အမေရိကန် ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော နောက်ဆက်တွဲ လုပ်ငန်းစဉ် ဖြစ်ကြောင်း သိရသည်။ ဦးသိန်းစိန် သည် လက်ရှိ လာအိုနိုင်ငံ ၌ ကျင်းပနေသည့် ASEM အစည်းအဝေး သို့ တက်ရောက်နေသည်။