သတင်းတို

ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် တာ့ခ် ခရိုင် အတွင်း တနင်္ဂနွေနေ့က စက်သေနတ်နှင့် ရိုင်ဖယ် သေနတ်များ အပါအဝင် လက်နက် ခဲယမ်း မီးကျောက် ပေါင်း ၁ သိန်းကျော် ထိုင်း စစ်တပ်က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ ယင်း လက်နက်များကို ကရင် အမျိုးသား တဦး မောင်းလာသော ကားတစီးပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပို့ဆောင် မည့် လက်နက်များဟု ယူဆရကြောင်း ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

Loading