သတင်းတို

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ရှပ်နီ ၅၀၀၀ ခန့် တွေ့ဆုံမည်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့သို့ လာရောက်မည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ရှပ်နီ ၅၀၀၀ ခန့် က မြန်မာဘက် ကူး၍ တွေ့ဆုံရန် ရှိကြောင်း သတင်းရသည်။ ယင်း ရှပ်နီများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် သက်ဆင် ထံသို့ မယ်ဆိုင်ဘက်မှ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သွားရောက်တွေ့ဆုံမည် ဖြစ် ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များအတွက် စီစဉ်နေကြောင်း ယမန်နေ့ ဘန်ကောက်ပို့စ်၌ ဖော်ပြသည်။ သက်ဆင် ကို လုပ်ကြံမည့် ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေရာ ထိုင်း ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat က မြန်မာ အာဏာပိုင်များအနေနှင့် အကာအကွယ် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ တာချီလိတ် တွေ့ဆုံပွဲအတွက်လည်း မြန်မာ အာဏာ ပိုင်များဘက်က လုံခြုံရေး တာဝန်ယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။

Loading