မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါ ဖြစ်နေသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၆ ဦးကို ထိုင်းနိုင်ငံက အခမဲ့ ခွဲစိတ် ကုသပေး မည် ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်သည် ထိုင်း ဘုရင် ဘူမိဘော ၏ ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်မည့် အသက် ၈၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အနေနှင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တခြားသော နှလုံးရောဂါနှင့် သက်ဆိုင်သည့် ဝေဒနာရှင် ကလေး ၇ ဦးကိုလည်း ကုသပေးရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီး Pisanu Suvanajata က ပြော ဆိုသည်ဟု ဘန်ကောက်ပို့စ် ၌ ပါရှိသည်။ လာမည့် နှစ်တွင် ထိုင်း-မြန်မာ ဆက်ဆံရေး ၆၅ နှစ်ပြည့် ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။