မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဥရောပ သမဂ္ဂ(EU) က အမေရိကန် ဒေါ်လာ သန်း ၃ဝ ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။ EU အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ဒေါ်လာ ၇ သိန်း ခန့် စတင် ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် အတွင်း ဒေါ်လာ သန်း ၃ဝ ပြည့်အောင် ထောက်ပံ့ သွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ တွင် သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းနှင့် ဥရောပ ကော်မရှင် ဥက္ကဌ H.E Mr. Jose Manuel Barroso တို့ မြန်မာ့ ငြိမ်းချမ်းရေး အတွက် ဥရောပ သမဂ္ဂ ၏ ကူညီထောက်ပံ့မှု ဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးကြောင်း ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။