မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ရခိုင် တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှုပဋိပက္ခများသည် အာဆီယံ ဒေသတခုလုံးနှင့် တနိုင်ငံခြင်းအတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်ပင် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး မာတီ နာတာလီဂါဝါ က ပြောဆိုလိုက်သည်။ မြန်မာအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသော ဒီမိုကရက်တစ် လမ်း စဉ် အတိုင်း အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ပြဿနာဖြေရှင်းရန် လိုအပ်သည်ဟု မာတီ နာတာလီဂါဝါ က လာအို နိုင်ငံ ၌ ကျင်းပနေသော ASEM ထိပ်သီး ညီလာခံတွင် ယနေ့ ပြောကြားကြောင်း AFP သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။