• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

by ရန်ပိုင်
5 November 2012
in သတင်း
A A
လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် တာချီလိတ်မှာ ပေးတွေ့ရန် ခွင့်ပြုခဲ့သည် (ဓာတ်ပုံ- Reuters)

5.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။

ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-ဝန်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
27
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
28
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
428

သားဖြစ်သူ  ဖန်ထုန်ထေ့ ရှင်နာဝပ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မိမိ ဖခင် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို တာချီလိတ်ခရီးစဉ်အတွင်း အုပ်စုတစုက လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း၊ လာမည့်သောကြာနေ့ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူ စေတီတွင် ပြုလုပ်မည့် မစ္စတာသက်ဆင်နှင့် ရှပ်နီများ ပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစုက လုပ်ကြံရန် ကြံစည်နေခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ထိုင်းကာကွယ်ရေး ဝန်ကြီး စုကမ်ဖု စုဝမ့်နာထက်က အဆိုပါ သတင်းများသည် ကောလဟာလများသာဖြစ်သည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် သောကြာနေ့က တာချီလိတ်မြို့မစ္စတာသက်ဆင် တည်းခိုမည့် ရက်ဂျီနားဟိုတယ်အနီးရှိ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး ၃ လုံးနှင့် အမ် ၁၆ ကျည်ကပ် တခုကို မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မစ္စတာသက်ဆင်အနေဖြင့် ဝန်ကြီးချုပ်တာဝန်ယူစဉ်က ထိုင်း- မြန်မာနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး နိုမ်နင်းရေးကို အပြင်း အထန် ပြုလုပ်ခဲ့ဖူးရာ တချို့သော မူးယစ်ဆေးဝါး ထုတ်လုပ်သည့်အဖွဲ့များက လုပ်ကြံနိုင်သည်ဟု ဖန်ထုံထေ့ရှင်နာဝပ်က ရေးသား ဖော်ပြသည်။

အာဏာ အလွဲသုံးစားလုပ်မှု၊ ခြစားမှုများဖြင့် စွပ်စွဲခံရပြီး သက်ဆင်ဦးဆောင်သော ထိုင်းအစိုးရကို ထိုင်းစစ်တပ်က ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းအပြီး သက်ဆင် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ ယင်းအမှုများကို ရင်ဆိုင်ရန် ထိုင်းတရားရုံးချုပ်မှ ဆင့်ခေါ်ထားသည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက  ဝရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာသက်ဆင်ကို ဖမ်းဆီးကာ ထိုင်းတရားဥပဒေအတိုင်း ရင်ဆိုင်ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမ ယင်လပ်ရှင်နာဝပ်ဦးဆောင်သော လက်ရှိထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။

လာမည့် နိုဝင်ဘာ ၈ ရက်က ၁၀ ရက်ထိ ကြာမည့် သက်ဆင်၏ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ရန်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။

Your Thoughts …
Tags: Thai
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ကချင်ဒုက္ခသည်တွေအတွက် တမူးမြို့မှ ရန်ပုံငွေကပွဲ (ရုပ်/သံ)

ကချင်ဒုက္ခသည်တွေအတွက် တမူးမြို့မှ ရန်ပုံငွေကပွဲ (ရုပ်/သံ)

ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများနဲ့ နန်းခင်ဇေယျာကို စိုးရိမ်တယ်

ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများနဲ့ နန်းခင်ဇေယျာကို စိုးရိမ်တယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate