သတင်းတို

ဦးသိန်းစိန် သြစတြေးလျ သွားမည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒီဇင်ဘာလ တွင် သြစတြေးလျ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ လာအို နိုင်ငံ ၌ ကျင်းပသော ASEM အစည်းအဝေးတွင် အလွတ်သဘော တွေ့ဆုံရာ၌ သြစတြေးလျ ဝန်ကြီးချုပ် မစ္စ Gillard က ဖိတ်ကြားခြင်း ဖြစ်ကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။ သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံတွင်း လတ်တလော ဖြစ်ပေါ်နေသော လူ့အခွင့် အရေး အခြေအနေများနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိသည်ဟု မစ္စ Gillard က ပြောဆိုကြောင်းလည်း သိရသည်။

Loading