နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း ၊ ကြေးမုံ နှင့် The New Light of Myanmar သတင်းစာ များတွင် နိုင်ငံတွင်း ပုဂ္ဂလိက ပုံနှိပ်ထုတ်ဝေသူများ ပုံနှိပ် ဖြန့်ချိသော စာအုပ်၊ စာစောင်၊ စာနယ်ဇင်း ဆိုင်ရာ ကြော်ငြာများကို ယခင် နှုန်းထားများထက် သက်သာသော လူမှုရေးကြော်ငြာ နှုန်းထားဖြင့် လက်ခံ ဖော်ပြပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင် မည်ဖြစ်ကြောင်း၊ သတင်းစာများကို အများပြည်သူ ဗဟိုပြုသည့် ပြည်သူ့ ဝန်ဆောင်မှု သတင်းစာ အသွင်သို့ ဦးတည်ကူးပြောင်းမှုအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။