ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ သက်ဆင်သည် ထိုင်း-မြန်မာနယ်စပ်မြို့ တာချီလိတ်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း သမ္မတ ဦးသိန်း စိန်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သက်ဆင် ၏ ဥပဒေ အကြံပေး အရာရှိ တဦးဖြစ်သူ Noppadon Pattama က ပြောကြောင်း ယနေ့ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် နေ့ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။ သက်ဆင် သည် မြန်မာနိုင်ငံကို ယခုလ ၈ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ လာရောက်ရန် စီစဉ်ထားပြီး ၉ ရက်နှင့် ၁၀ ရက်နေ့တွင် တာချိလိတ်မြို့သို့ သွားမည့်အစီအစဉ်ကို လုံခြုံရေး အခြေအနေအရ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။