မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ် ဒဏ် သေဒဏ် ချမှတ်ခြင်း ဖြစ်သည် ဟု AP သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ လ အတွင်းက ရွှေတြိဂံ ဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောၤပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ နော်ခမ်းနှင့် အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလအတွင်း က လာအိုနိုင်ငံ ၌ ဖမ်းဆီးခဲ့ပြီး မေလအတွင်း၌ တရုတ် အာဏာပိုင်များ ဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။ မေလလယ်ပိုင်း၌ နော်ခမ်း ၏ တပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း မြန်မာ စစ်တပ်ထံ လက်နက်ချခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။