ရှမ်းတိုင်းရင်းသား ဒုက္ခသည်များ နှင့် ပတ်သက်ပြီး ရေးသား ပြုစုထားသော “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” The Shan: Refugees without a camp အမည်ရှိ စာအုပ် ထုတ်ဝေသည့် သတင်းစာ ရှင်းလင်း ပွဲကို ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ်(FCCT)တွင် ကျင်းပသည်။ အမျိုးသမီး စာရေး ဆရာမBernice Koehler Johnson ပြုစုထားသော စာမျက်နှာ ၂၀၀ ကျော်ပါ ယင်းစာအုပ်၌ ထိုင်း နိုင်ငံတွင်း ခိုလှုံနေသည့် ရှမ်းတိုင်းရင်းသားများ သည် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရကြောင်း စသည်ဖြင့် ဖော်ပြထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။