လာအိုနိုင်ငံ နှင့် မြန်မာ နိုင်ငံ နှစ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေး တံတားကို ၂၀၁၃ နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရန် စီစဉ်နေသည်။ တံတား တည်ဆောက်ရေးအတွက် ယခုလအတွင်း ပုံစံရွေးချယ် အတည်ပြုမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရေး တံတား တည်ဆောက်ပြီး စီးပါက နိုင်ငံအကြား အကောက်ခွန်လွတ် ကုန်သွယ်မှု နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက် ရေးများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် လာအို သမ္မတ မစ္စတာ ကျူမာလီဆိုင်ညဆွန် တို့ လာအို နိုင်ငံ ဗီယင်ကျန်း မြို့ သမ္မတ နန်းတော်၌ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။ ဦးသိန်စိန်သည် လာအို နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် ASEM အစည်းအဝေး တက်ရောက် ရန် သွားရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။