သတင်းတို

ရခိုင်ဒေသ ဒုက္ခသည် ၁ သိန်းကျော် အတွက် ဒေါ်လာ ၁၁ သန်းခန့် လိုအပ်

This article has been converted from Zawgyi One to Unicode

ရခိုင်ဒေသတွင်း မကြာခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ရှောင်တိမ်းရသူ လူပေါင်း ၁၁၀၀၀၀ ကျော်အတွက် ဒေါ်လာ ၁၁ သန်းခန့်လိုအပ်နေ၍ အကူအညီများပေးရန် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)က ပြောဆိုလိုက်သည်။ ထို ဒုက္ခ သည် များသည် နေအိမ်များ မီးလောင်ကျွမ်းမှုကြောင့် လယ်ကွင်းများနှင့် သစ်ပင်အောက်များတွင် နေထိုင်ကြရပြီး အစား အသောက် နှင့် ယာယီ အမိုးအကာများ လို အပ်နေသည်ဟု အာရှဒေသ ဆိုင်ရာ WFP ပြောခွင့်ရသူ Marcus Prior က ပြောကြား ကြောင်း AP သတင်းတွင် ပါရှိသည်။

Loading