သတင်းတို

ရန်ကုန်တွင် တောင်းရမ်းစားသောက်သူများကို ရှင်းလင်း

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများနှင့် လေလွင့် ကလေးများ ထိန်းသိမ်းရေး အထူးစီမံချက်ကို မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ လူမှုဝန်ထမ်းသို့ပို့ပြီး ကျား၊ မ လူကြီး ခွဲခြားကာ သင်တန်းကျောင်းများနှင့် စောင့်ရှောက်ရေးဌာနများသို့ ခွဲပို့မည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် အနာကြီးရောဂါသည်များ၊ စိတ်ဝေဒနာသည်များ၊ မျက်မမြင်များ၊ စွန့်ပစ်ခံရသော သက်ကြီးရွယ်အိုများကို သက်ဆိုင်ရာ ဆေးရုံ၊ လူမှုဝန်ထမ်းဌာနများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အယောင်ဆောင် တောင်းရမ်းစားသောက်သူများကို မိဘများထံ ပြန်အပ်နှံမည် ဖြစ်ကြောင်း သိရသည်။

Loading