သတင်းတို

မြန်မာမှ ထိုင်းသို့ ဆန်မှောင်ခိုသွင်းသူ ၂ ဦး အဖမ်းခံရ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံသို့ မြန်မာ နိုင်ငံဘက်မှ ဆန်တန်ချိန် ၅၀ ခန့် တရားမဝင် တင်သွင်းသူ ထိုင်းနိုင်ငံသား ၂ ဦးကို ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။ ကုန်တင်ကားကြီး ၂ စီးနှင့် တင်ဆောင်လာသည့် ဆန်များကို ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ် တနေရာတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဆန်မှောင်ခို တင်သွင်းနေသူများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ နယ်စပ်ဂိတ်များမှတဆင့် တရားမဝင် တင်သွင်းနေသည့် ဆန်များကို ထိန်းချုပ်ရန် ထိုင်းအာဏာပိုင်များက ညွန်ကြားထားကြောင်း ထိုင်းသတင်းများအရ သိရသည်။

Loading