သတင်းတို

သမ္မတ အိုဘားမား မြန်မာပြည်လာမည်ဟု ဆို

This article has been converted from Zawgyi One to Unicode

ဒုတိယ သမ္မတသက်တမ်း ပြန်လည် အရွေးခံရသော အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးအစဉ် လာရောက်မည်ဟု မြန်မာအရာရှိတဦးကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြထားသည်။ နေပြည်တော် အစိုးရသတင်းရပ်ကွက်ကို ကိုးကားဖော်ပြရာ၌ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များအတွက် လုံခြုံရေးအစီအစဉ်များ ကြိုတင်ပြင်ဆင်နေကြောင်း၊ အစီအစဉ်အတိအကျကို မသိရကြောင်း ရေးသားထားသည်။ အမေရိကန် အစိုးရဘက်ကမူ သမ္မတ အိုဘားမားခရီးစဉ်နှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Loading